Home

Thursday, June 12, 2014

World Cup live

အင်တာနက်လိုင်း အနည်းငယ်ကောင်းမွန်ရုံဖြင့်
World Cup တိုက်ရိုက်ကြည့်ရှုနိုင်မည်။
ဒီဆော့ဖ်ဝဲလ်လေး ဒေါင်းပြီးကြည့်နိုင်ပါတယ်ခင်ဗျာ။

www.mediafire.com/?jcpt837bwbtlkkc

Tuesday, June 10, 2014

♪ ဗေဒင်ဝါသနာအိုးများအတွက် တစ်နှစ်စာဟောစာတမ်း (95%မှန်ကန်ကြောင်း အာမခံပါသည်။) ♫


မွေးနေ့..မွေးရက်များနဲ့ သူရဲ့ ဂုဏ်သတ္တိများ..နှင့်အဟောများ
တကယ်လို့..မင်းဟာ..လတွေရဲ့. 1st, 10th, 19th, 28th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၁) သမား...

တကယ်လို့..မင်းဟာ..လတွေရဲ့. 2nd, 11th, 20th, 29th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၂) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 3rd, 12th, 21st, 30th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၃) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 4th, 13th, 22nd, 31st မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၄) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 5th, 14th, 23rd မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၅) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 6th, 15th, 24th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၆) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 7th, 16th, 25th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၇ သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 8th, 17th, 26th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၈ သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 9th, 18th, 27th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၉) သမား...
နံပါတ် (၁)
မင်းဟာ..ပါးနပ်တယ်..စကားကိုရှင်းရှင်းပြောတက်တယ်..ဟာသဥာဏ်ရွှင်တယ်..
ခေါင်းမာတယ်. ရိုးသားတယ်.. တဖက်သားကို မနာလို ၀န်တိုတက်တယ်..ကြင်နာတက်တယ်..ဒေါသလွယ်တယ်..
ဖော်ရွှေတယ်..တာဝန်ယူလိုစိတ်ရှိတယ်..အမြဲတမ်းကျော်ကြားသူတယောက်ဖြစ်ချင်တယ်..
လူတွေအားလုံးရဲ့အထက်မှာပဲ နေချင်တယ်.. တခါတရံမှာ လွတ်လပ်မှုကို မြတ်နိုးတယ်.. သူတပါးရဲ့အုပ်ချုပ်မှုကို မခံချင်ဘူး.
မိမိကိုယ်ကို ယုံကြည်တက်တဲ့ လူစားမျိုးဖြစ်တယ်..
ငယ်ငယ်ရွှယ်ရွှယ်နဲ့ အချစ်ကို တွေ့တက်ကြတယ်..ဒါပေမယ့်.. ရင့်ကျက်တဲ့အရွယ်ရောက်မှပဲ လက်ထက်ဖြစ်ကြတာများပါတယ်..
အမြင်မတူတဲ့သူတွေနဲ့ ပြဿနာတက်ရတာကို နှစ်သက်တယ်..
အငြိုးအတေးကြီးပြီး..လက်စားချေတက်ကြတယ်..အသုံးအဖြုန်းကြီးသူတယောက်ဖြစ်ပေမယ့်..
မင်းမှာ အလုပ်အကိုင်ကောင်းတွေ ရတက်ပါတယ်..
မင်းသာ အမျိုးသားဆိုရင်..အရမ်းနာမည်ကျော်မယ်.. ဆွဲဆောင်မှုရှိတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်နေမှာဖြစ်ပြီ..လူတိုင်းက မင်းကို လေးစားနေပါလိမ့်မယ်..မင်းဟာ.နေရာစုံ ၀င်ဆန့်နိုင်တဲ့သူတယောက်ဖြစ်တယ်.. ရပ်ကွက်ထဲမှသည်.. ဟိုအပေါ် ပါလီမန်တွေထိကို
မင်းက နေရာစုံသွားနိုင်သူပါ..ဘာဖြစ်လို့လဲ ဆိုတော့..ကိစ္စတော်တော်များများကို မင်းက တဖတ်ကန်ခတ်အောင် သိနေတက်တယ်လေ..
ဒါပေမယ့်..မင့်ရဲ့ဘ၀မှာ..တချို့လူတွေက မင်းဘ၀နှိပ့်ကျသွားအောင်..နာမည်ပျက်သွားအောင် လုပ်တာမျိုး..ကြုံရတက်ပါတယ်...
ဒါကလည်း မဆန်းပါဘူး...လူတွေရဲ့မနာလိုမှုကြောင့်ပါပဲ..
မင့်ရဲ့မိသားစုဘ၀က အေးချမ်းလွန်ပါတယ်.. မင်းဟာ အဖော်မွန်ကောင်းကို ပိုင်ဆိုင်ပြီ..
ချစ်စဖွယ်သားသမီးတွေနဲ့ နေထိုင်ရပါလိမ့်မယ်..မင်းဟာ..ရှေ့ဆောင်သူ..လွတ်လပ်မှုကို မြတ်နိုးသူ.. ဘာသာတရားကို ကိုယ်ရှိုင်းသူတယောက်ပါပဲ..
မင်းရဲ့အကောင်းဆုံးအဖော်မွန် နံပါတ်တွေကတော့.. 4, 6, 8 ...သင့်တင်တဲ့သူတွေကတော့.. 3, 5, 7!!!
========================
နံပါတ်(၂)
မင်းဟာ ဘာကြီးပဲဖြစ်နေနေ.. မင်းကို လူတိုင်းက ချစ်ကြပါတယ်..
ဘာဖြစ်လို့လဲ ဆိုတော့..မင်းဟာလ နဲ့ တူလို့ပါ.. လကို လူတိုင်းက သဘောကျသလိုမျိုးပေါ့..
ပြီးတော့ မင်းဟာ..စိတ်ကူးအရမ်းယဉ်တက်သူ တစ်ဦးလည်းဖြစ်တယ်...
မင်းဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအလွန်နည်းတယ်..မင်းဘ၀မှာ ပြန်ပြီးသုံးသပ်သင့်စရာတွေချည်းပဲ...
မင်းဟာ ခန့်မှန်းရခက်တဲ့သူ တစ်ဦးလည်းဖြစ်တယ်.. အချိန်နဲ့အခြေအနေကို လိုက်ပြီး မင်းဟာ အမြဲတမ်းပြောင်းလဲနေတယ်..
တကိုယ်ကောင်းဆန်ပြီ.. အနုပညာဘက်မှာ အားအတော်သန်တဲ့သူဖြစ်တယ်.. အပြောအဆို
ညက်ညောပြေပြစ်တယ်.
မင်းရဲ့အပြုအမှုတွေဟာ လလို့ပဲ.. နေအလင်းရောင် ပျောက်မှ လထွက်လာသလိုမျိုး.... လူတွေ စိတ်ဓါတ်ကျနေတဲ့အချိန်ဆို
ရောက်လာပြီ.. သူတို့တွေ စိတ်ဓါတ်မြင့်တက်လာပြီဆိုရင် မင်းဟာ သူတို့ဘ၀ထဲက ပျောက်ကွယ်သွားတက်တယ်..
မင်းဟာ.. ငြိမ်းချမ်းမှုကို မြတ်နိုးတဲ့.ဒုတိယ ဂန္ဒီ ဖြစ်နိုင်သလို...ငြိမ်းချမ်းမှုကို ဖျက်ဆီးမဲ့.. ဒုတိယ ဟစ်တလာ လည်း ဖြစ်နိုင်ပါတယ်
(ကျနော်ဆိုလိုတာက မင်းရဲ့ပတ်ဝန်းကျင် ဆက်ဆံရေးပေါ်မှာပါ).
တကယ့်လိုများ..ဘုရားတရားကို နက်နက်ရှိုင်းရှိုင်းလုပ်မယ်ဆိုရင်...မင်းဟာ အောင်မြင်မယ့်သူတစ်ဦးပါ...
အများစုသော မင်းရဲ့စကားလုံးတွေဟာ ပျော်ရွှင်မှုတွေဆီကိုပဲ ဦးတည်နေတာပါ..!
တခါတရံ မင်းဟာ ရှေ့ရေးကို ကြိုပြီး ခံစားမိတက်သူတစ်ဦးပါ.
မင်းဟာ ကဗျာဆရာ..စာရေးဆရာ.. အနုပညာနယ်ပယ်မှာ ကျင်လည်မှုသူတစ်ဦးပါ...
မင်းဟာ အချစ်ကို အရမ်းကြီးမယုံကြည်တက်သူတစ်ဦးပါ.. မင်းလက်ထက်ပြီးတဲ့အထိတောင် အဲဒီအတိုင်းပဲ
မင်းဟာ အချစ်အပေါ် သာမန်ပဲခံစားနေတက်သူတစ်ဦပါ..
မင်းဟာ မိန်းကလေးဆိုရင်တော့..မိသားစုမှာ တာဝန်သိအမျိုးသမီးတဦးဖြစ်နေပါလိမ့်မယ်..
မင်းဟာ ယောကျာ်းလေးသာဆိုရင်တော့ မိသားစုမှာ ခိုက်ရန်ဖြစ်တာတွေ..ငြင်းခုန်မှုတွေကို သယ်ဆောင်လာသူ ဖြစ်နေပါလိမ့်မယ်..ဒါမှမဟုတ် ပြောင်းပြန်လည်း ဖြစ်နေတက်ပါတယ်..ဆိုလိုတာက.
မိသားစုကောင်းစားဖို့အတွက် မင်းဘ၀ကိုတောင် စွန့်လွတ်ဖို့ ၀န်မလေးတဲ့သူတစ်ဦးပါ...
မင်းဟာ သိမ့်မွေ့တယ်..အမြင်ကျယ်တယ်..သူတပါးရဲ့စိတ်ကို ခံစားနားလည်ပေးနိုင်တယ်..
လူတွေနဲ့ လိုက်လျောညီထွေနေတက်တဲ့သူ တစ်ဦးပါ...
မင်းရဲ့အကောင်းဆုံး အဖော်မွန်ကတော့ 2, 5, 9 ..တခြားသူတွေနဲ့ဆိုရင်တော့..အဆင်ပြေဖို့ခဲ့ရင်းပါတယ်..!!!
====================================
နံပါတ် (၃)
နှလုံးသားမာကျောပြီ.. တကိုယ်ကောင်းဆန်တက်တယ်.. ဒါပေမယ့် ဘာသာတရားကို ကိုင်းရှိုင်းတက်သူတစ်ဦးပါ..
တိုးတက်မှုကို မြတ်နိုးတဲ့သူတစ်ဦးပါ.. မင်းဟာ မိသားစုပြဿနာတွေကို လျှော့ကျဖို့လိုလားပေမယ့်..
ပြဿနာတိုင်းက မင်းဆီကနေပဲ မြစ်ဖျားခံတက်တာများပါတယ်..
မင်းဟာ သြဇာအာဏာကြီးမားပြီး.. နှစ်လိုဖွယ်မျက်နှာထားကို ပိုင်ဆိုင်သူ တစ်ဦးပါ..
ဒါကြောင့်.. ဘယ်နေရာကိုသွားသွား.. မင်းအလိုရှိတာတွေကို အဆင်သင့် ရနိုင်နေတာပေါ့..
မင်းဘ၀မှာ မွေးဖွားလာကတည်းက တခုခုကို ရဖို့အတွက် အမြဲတမ်း ပြင်းထန်စွာကြိုးစွာနေရတက်တယ်..
မကြိုးစားဘဲနဲ့ ရလာတာဆိုတာ အလွန်ပဲ ရှားပါးလှပါတယ်....
အရွယ်ရောက်လာတဲ့အခါမှာ.. မင်းဟာ ကိုယ့်ထက်ငယ်ရွယ်သူတွေကို ဆိုဆုံးမတက်တယ်..
ဘာကြောင့်လဲဆိုတော့.. ကြီးတဲ့သူကို ငယ်သူက ရိုသေမှုပြသရတာကို မင်းဟာ နှစ်သက်လို့ပဲ.. အဲလိုလည်း
မင်းဟာ စံပြနေလေ့ရှိပါတယ်.. ဒါပေမယ့်..ယေဘုယျအားဖြင့်တော့.. မင်းဟာ အေးဆေးတည်ငြိမ်တဲ့သူတယောက်မဟုတ်ပါဘူး..
မင်းနဲ့ဆက်ဆံဖို့ဆိုတာ..ခက်ခဲတဲ့အလုပ်တခုပါ..မင်းဟာ စိတ်ဓါတ်မာတဲ့ ပြိုင်ဘက်တယောက်လိုပဲ...
ဒါပေမယ့်လည်း.. တစုံတယောက်ရဲ့အပြုအမှုကို မင်းသဘောကျသွားပြီဆိုလည်း..
မင်းတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ အရမ်းကို ခိုင်မာနေတက်ပါတယ်...
မင်းဟာ အမြဲလိုလို..သူတပါးဆီက လေးစားမှုကို ရရှိနေတက်သူ တစ်ဦးပါ..
မင်းဘ၀မှာ ရန်သူတွေ.ပြဿနာတွေ အများကြီးရှိမယ်လို့ ထင်ရပေမယ့်.. အဲဒါတွေက ကြာရှည်မခံပါဘူး..
ဘာကြောင့်လည်းဆိုတော့.. မင်းက ပါရမီရှင်တယောက်လိုပါပဲ.. သူတို့နဲ့ဖြေရှင်းရာမှာ ပိုင်နိုင်လွန်းပါတယ်..
မင်းဟာ ပိုက်ဆံကို အနည်းငယ်ပို မက်မောတဲ့အတွက်.. သူရဲ့စေခိုင်းမှုအောက်မှာ..အဆုံးမရှိ ကြိုးစားခြင်းတွေ .ရုန်းကန်ခြင်းတွေနဲ့..
မင်းဟာ နပန်းလုံးနေရတက်တယ်...
မင်းဟာ အမျိုးသားတစ်ဦးဆိုရင်တော့..အားလုံးဟာ ပြီပြည့်စုံနေပါပြီ.. မိသားစုကို စောင့်ရှောက်တယ်..
သူငယ်ချင်းတွေကို ကူညီတယ်.. ဘ၀ကို ပေးကမ်းမှုတွေ..ကြင်နာတွေနဲ့ အချိန်ကုန်လွန်စေတဲ့သူပေါ့ (ဒါပေမယ့် ၂၁ ရက် မွေးသူမပါပါ). ပြီးတော့ မင်းဟာ စံပြတယောက်ဖြစ်နေပါလိမ့်မယ်..
တကယ်လို့..မင်းဟာ အမျိုးသမီးဆိုရင်လည်း.. အကျင့်စရိုက်ကောင်းတွေ.. ယဉ်ကျေးသိမ်မွေ့မှုတွေ.. အလုပ်ကြိုစားမှုတွေ
နဲ့ ပြည့်နေမှာပါ..
မင်းဟာ လွတ်လပ်မှုကို မြတ်နိုးသူ.. တီထွင်သူ.. ရည်မှန်းချက်ကြီးသူ..အာရုံစူးစိုက်လုပ်တက်သူ
ပြီးတော့. ကမ္ဘာကို အလှ..မျှော်လင့်ချက်..ပျော်ရွှင်မှုတွေကို သယ်ဆောင်လာသူ တစ်ဦးပါပဲ...
မင်းရဲ့ အကောင်းဆုံး အဖော်မွန်ကတော့... 6, 9. သင့်တော်တဲ့အဖော်မွန်ကတော့..1, 3, 5!!!
============================
နံပါတ် (၄)
မင်းလည်းပဲ ခေါင်းအလွန်မာတဲ့သူ တဦးပါပဲ..
အလုပ်ကို အရမ်းကြိုးစားတယ်..ဒါပေမယ့် ဘ၀ရဲ့ အရေးကြီးတဲ့ ကိစ္စတွေမှာတော့ ကံမကောင်းတက်ပါဘူး..
အေးဆေးနေတက်တယ်..ကူညီတက်သူဖြစ်ပေးမဲ့..စကားပြောတာက ပွင့်လင်းလွန်းပါတယ်..
အမျိုးသားဆိုရင်တော့ အဲဒီအတွက်နဲ့ပဲ.. တခြားလူတွေကို စိတ်အနှောက်ယှက်ပိုဖြစ်စေပြီ.. မင်းကိုထားပြီ
အဝေးကို ပြေးသွားတက်ကြပါတယ်..
မင်းဟာ တခါတရံမှာတော့.. တခြားလူတွေနဲ့ သူတို့ရဲ့ ပြဿနာတွေကို ကောင်းကောင်းကြီး နားလည်နေပြန်ေ၇ာ့.....
အချိန်တိုင်းလိုလို မင်းဟာ အမျိုးသမီးမိတ်ဆွေတွေနဲ့ အချိန်ဖြုန်းနေတက်ပြီ..
အမျိုးသမီငယ်တွေနဲ့ ပျော်ရွှင်ရတာကို နှစ်သက်သူ တစ်ဦးပါ..
မင်းသူငယ်ချင်းတွေဟာ မင်းရဲ့အချိန်တွေ..ငွေတွေကို သုံးဖြုန်းပြီ.. အဝေးကို ပြေးသွားတက်ကြပါတယ်..
အဲဒီခါကြရင်တော့..မင်းဟာ ခိုးကိုယ်ရာမဲ့နေပြီဆိုတာ..အသေအချာပါပဲ..အဲဒီအတွက်..
လုံးဝသတိပြုပါ.. မင်းရဲ့စီတ်ထားကောင်းကတော့.. မိသားစုနဲ့သူငယ်ချင်းတွေကို ကူညီတက်တာပါပဲ..
မင်းဟာ ငယ်ရွှယ်စဉ်မှာပဲ.. အချစ်ကို တွေ့ရှိတက်ပါတယ်..
မင်းဘ၀မှာ တခါတရံ အဆင်မပြေမှုတွေနဲ့ ပြည့်နက်နေတက်တယ်.. ဥပမာ..
မင်းဟာ ဘွဲ့တခုခုရထားပေမယ့်..အလုပ်လက်မဲ့ဖြစ်နေတာမျိုးပေါ့.. ဒါမှမဟုတ်.. အောက်ခြေအလုပ်ကို လုပ်နေရတာမျိုးပေါ့..
ဒါပေမယ့်..မင်းရဲ့မိသားစုကိုတော့..မင်းဟာ ကောင်းကောင်းစောင့်ရှောက်နိုင်ပါတယ်..
အဓီက သတိထားရမယ်လူတွေကတော့.. မင်းရဲ့ကြင်နာတက်တဲ့ စိတ်ထားကို အခွင့်ကောင်းယူမယ့်သူတွေကိုပါပဲ..
ဒါကြောင့်..မင့်နဲ့ပတ်ဝန်းကျင်ဆက်ဆံရေးကို အထူးသတိပြုပါ..
အမျိုးသမီးဆိုရင်တော့.. မင်းဟာ ပညာရပ်ပိုင်းနဲ့ အနုပညာပိုင်းမှာ
ထွန်းပေါက်နိုင်ပါတယ်..
မင်းဟာ..စိတ်ရှည်တယ်.. ခေါင်းမာတယ်.. ရှေးရိုနည်းနည်းဆန်ပြီ..
အစီအစဉ်တကျလုပ်ကိုင်တက်သူတယောက်ဖြစ်တယ်...
မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 1, 8.သင့်တော်တဲ့သူတွေကတော့...5, 6, 7!!!
==================================
နံပါတ် (၅)
မင်းဟာ မင့်ပတ်ဝန်းကျင်မှာ ကျော်ကြားတဲ့သူတစ်ဦးပါ..
မင့်ရဲ့နှုတ်ထွက်စကားလေးနဲ့တင်..မင်းအလိုရှိရာကို ရနိုင်ပါတယ်..မင်းဟာ စီးပွားရေးအမြင်စူးရှသူတစ်ဦးလည်း ဖြစ်တယ်..
ဒါပေမယ့်.. မင်းဟာ စနစ်ရှိတော့မဟုတ်ပါဘူး..ခေါင်းထဲပေါ်လာကို လုပ်တက်သူပါ.
တကယ်လို့ စီးပွားရေးလုပ်ငန်းတခုကို တည်ထောင်မယ်ဆိုရင်လည်း..အောင်မြင်မယ်သူပါ..
ပြီးတော့ ဟာသဥာဏ်ရွှင်တဲ့သူလည်းဖြစ်နေပြန်ရော့..
မိသားစုနဲ့သူငယ်ချင်းတွေအတွက်တော့.. မင်းဟာ တကယ့်ကယ်တင်ရှင်ကြီးတစ်ဦးပါပဲ..
တကယ်လည်း.. မင်းဟာ လက်တွေ့ကျကျ ကူညီတက်သူတစ်ဦးပါ... မင်းဟာ နည်းနည်းတော့ မြှာပွေတက်ပေမယ့်..
ဘ၀ကို တည်ဆောက်မယ်ဆိုတဲ့အခါမှာတော့.. ကိုယ်ကျိုးတွက် ကြည့်ပြီးမှ ရွှေးချယ်တက်သူပါ...
မင်းဟာ လက်ထက်ပြီးတာတောင်မှ ကျော်ကြားနေဦးမယ်သူပါ..အဲဒီအတွက်.. သတိထားရမယ်အချက်ကတော့
မင့်ရဲ့ ခြေရှုပ်ချင်တဲ့ စိတ်ထားလေးပါပဲ.. အသိတရားနဲ့ ထိန်းချုပ်ရင်တော့..အရာအားလုံး အဆင်ပြေနေပါလိမ့်မယ်...
မင်းဟာ လူတိုင်းနဲ့ ပုလဲနံသင့်ပါတယ်..ဘာကြောင့်လည်းဆိုတော့.. နံပါတ် ၅ ဟာ အလယ်ဂဏာန်း ဖြစ်နေလို့ပဲ..
ပြောင်းလဲမှုနဲ့လွတ်လပ်မှုကို မြတ်နိုးသူ.. ဆွဲဆောင်မှုအပြည့်ရှိတဲ့ မျက်နှာပိုင်ရှင်ပေါ့...
အတွေ့အကြုံကနေ မင်းဘ၀ကို တည်ဆောက်ရတဲ့သူဖြစ်ပြီ..အဲဒီအတွေ့အကြုံတွေကပဲ..
မင်းရဲ့အကောင်းဆုံး ဆရာသမားတွေဖြစ်နေလေရဲ့...
မင်းရဲ့အကောင်းဆုံးအဖော်မွန်ကတော့.... 1, 2, 9. သင့်တော်တဲ့သူကတော့. 6, 8!!!
===============================
နံပါတ် (၆)
အိုး... မင်း ပျော်ရွှင်ဖို့အတွက်ပဲ မွေးဖွားလာတာပါလား..
မင်းဟာ တခြားလူရဲ့ခံစားချက်ကို ဂရုမစိုက်တက်သူတစ်ဦးပေါ့..ဆိုလိုတာက မင်းဘ၀မှာ မင်းဟာ အမြဲတမ်း ပျော်ရွှင်နေချင်တဲ့သူပါ..
မင်းဟာ ပညာရေး..အလုပ်..စီမံခန့်ခွဲမှုမှာပဲဖြစ်ဖြစ်.. အောင်မြင်မှုသူတစ်ဦးပါ..
မင်းဟာ ကြင်နာတက်ပါတယ်..(ဒါပေမယ့် မင့်စိတ်ထဲမှာ ကောင်းတယ်လို့ထင်တဲ့ လူတွေအပေါ်မှာသာ).....
ရုပ်ရည်အရမ်းချော်မောနေတက်ပြီ.. ဘ၀ဟာလည်း. ကံကောင်းခြင်းတွေ စုနေတက်ပါတယ်..
ကံကြမ္မာကောင်းတွေဟာ မင်းနဲ့အတူလာတယ်လို့ ပြောလို့ရနိုင်ပါတယ်..
မင်းရဲ့စိတ်ထားနဲ့ခန္ဓာဟာ အချစ်ကိစ္စတွေမှာ လှိုင်လှိုင်လှဲလှဲရှိလှပါတယ်..
တခြားနံပါတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို ခံရတက်ပါတယ်...ဒါပေမယ့်..
မင်းဟာ အမျိုးသားဆိုရင်တော့.. လက်ထက်တဲ့အချိန်အထိ မိန်းကလေးငယ်များနဲ့ ရင်းရင်းနှီးနှီးနေရတာကို
နှစ်သက်တဲ့သူတဦးပါ..
အမျိုးသမီးသာဆိုရင်တော့.. စေ့စပ်ကြောင်းလမ်းမှု..ဒါမှမဟုတ် လက်ထက်တာကို စောစောစီးစီး ရင်ဆိုင်ရတက်ပါတယ်..
ကြင်နာတက်သူတွေပဲ မင့်ဘ၀ထဲကို ၀င်လာပါလိမ့်မယ်..
ယေဘုယျအားဖြင့်တော့.. မင်းဟာ အိမ်ရဲ့ဆည်းလှည်းလေးပါပဲ... စာနာတက်သူ...နှစ်သိမ့်မှုပေးနိုင်သူ.မျှတသူ..
အိမ်ထောင်မှုနိုင်နင်းသူ..ဆုံးဖြတ်ချက်ကောင်းမွန်သူတစ်ဦးပါပဲ...ကုန်ကုန်ပြောရရင်.. မင့်ရဲ့အကြင်နာတွေနဲ့..ဒီကမ္ဘာလောကကြီးရဲ့ ဒဏ်ရာ ဒဏ်ချက်တွေကိုကုစားပေးနိုင်သူတယောက်ပါပဲ...
မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 1, 6, and 9. သင့်လျော်တဲ့သူတွေကတော့.. 4, 5!!!
===================================
နံပါတ် (၇)
မင်းဟာ ဆွဲဆောင်မှုရှိသူ.. ယထာဘူတ ၀ါဒီတယောက်ပါ..
မိမိကိုယ့်ကို ယုံကြည်တက်တယ်..ပျော်ပျော်ရွှင်ရွှင်နေတက်ပြီ..ပညာရေးမှာ ထူးချွန်သူ တစ်ဦးပါ..
ဂီတ.အနုပညာ..သီချင်းဆို..သရုပ်ဆောင်နယ်ပယ်တွေမှာလည်း.. ထူးချွန်နိုင်သူပါ..
မင်းရဲ့ပြဿနာကတော့..မင့်ရဲ့ဒေါသစိတ်ပါပဲ..
အမျိုးသမီးဆိုရင်တော့. အထက်ကအချက်တွေနဲ့ မင်းဟာ အောင်မြင်နိုင်ပါတယ်..
မင်းဟာ..မင့်မိဘအတွက် ဘာမဆို စွန့်လွှ့တ်နိုင်သူလည်းဖြစ်တယ်..(ဆိုလိုတာက မိသားစုကို အရမ်းတန်းဖိုးထားတက်တာပါ)
အရွယ်ရလာတာနဲ့အမျှ မင်းရဲ့အဆင့်အတန်းကလည်း တဖြည်းဖြည်း မြင့်တက်နေမှာပါ..
အမျိုးသားတစ်ဦးသားဆိုရင်တော့ အမျိုးသမီးထုကြားမှာ ရေပန်းစားမယ့်သူပါ..ဘက်စုံထူးချွန်သူတစ်ဦးလည်းဖြစ်နေပါတယ်..
နံပါတ် (၇) သမားအများစုဟာ သူတို့ရဲ့အိမ်ထောင်သည်ဘ၀မှာ အဆင်မပြေကြတာများပါတယ်..
အနည်းစုလောက်ပဲ ပျော်ရွှင်ချမ်းမြေ့တဲ့ဘ၀ကို တည်ဆောက်နိုင်ကြတာပါ.... မင်းရဲ့ဘ၀မှာ အရာအားလုံးရှိနေပေမယ့်..
အလိုမကျမှုတွေ..စိုးရိမ်ကြောင့်ကျမှုတွေ ကလည်း ရှိနေတက်ပြန်ရော့.. ဒါကလည်း..ဘုရားသခင်က မင်းကို အရာအားလုံးမျှတအောင် ပေးထားတဲ့သဘောလို့ထင်ပါတယ်.. မင်းလို ထူးချွန်တဲ့သူ ၁၀၀လောက်ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင်
မင်းတယောက်လောက်ပဲ အိမ်ထောင်ရေးမသာယာတာမျိုးတွေ့ရတက်ပါတယ်.. ဒါကြောင့်.. ကြင်ဖော်ကို စောင့်စားနေတာထက်..
ကိုယ်နဲ့ လိုက်လျော်ညီထွေမယ့်သူကို စောစောစီးစီး ရှာထားသင့်ပါတယ်...အဲလိုမှ မလုပ်ချင်ဘူးဆိုရင်တော့..မင်းဟာ ဘ၀ကို အထီးကျန်စွာ ဖြတ်သန်းသွားရမှာ အသေအချာပါပဲ..ဒါကြောင့်..ဒီကိစ္စနဲ့ပတ်သက်ပြီး သေချာဂရုစိုက်အလေးထားသင့်ပါတယ်..
မင်းဟာ အံဖွယ်ကောင်းသော.ဖော်ရွှေသော.ယဉ်ကျေးသိမ့်မွေ့သော ပျော်ပျော်နေတက်တဲ့ လူတယောက်ပါ..မင်းဟာ
ဒီကမ္ဘာလောကကြီးကို ဖြည့်ဆည်းပေးဖို့ မွေးဖွားလာသူတစ်ဦးပါ..
မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 2. သင့်တော်တဲ့အဖော်မွန်ကတော့.. 1,4 !!!
==============================
နံပါတ် (၈)
မင်းရဲ့ ဘ၀ဟာ ကြမ်းတမ်းလွန်းပါတယ်. ဘာကြောင့်ဆိုတာ. ဘယ်သူမှ မင်းကို နားလည်နိုင်မှာ မဟုတ်ပါဘူး..
သူတပါးကို အပြစ်ပြောရာမှာ မင်းဟာ တဖက်ကမ်းခတ် ကျွမ်းကျင်လှပါတယ်.. မင်းရဲ့ ငယ်စဉ်ဘ၀ဟာ ဆင်းရဲ့နုံချာနိုင်ပါတယ်..
အခြေအနေက မပေးဘူးဆိုရင်တော့.. မင့်ရဲ့မိဘတွေကိုတောင် စောစီးစွာ လက်လွှတ်ရနိုင်ပါတယ်.. ဒီလိုမျိုးအဖြစ်အပျက်တွေက
မင့်ဘ၀ထဲမှာ မကြာခဏဖြစ်နေမယ်အရာတွေပါ..
ဒီပြဿနာတွေကပဲ မင်းရဲ့ပညာရေးကို တားဆီးနေပါလိမ့်မယ်.. ဒါပေမယ့် မင်းဟာ ဘ၀ကို တခြားနည်းနဲ့ လေ့လာသင်ယူနိုင်ပါလိမ့်မယ်.
မင်းဟာ တရားမျှတမှုအတွက် တိုက်ပွဲဝင်ရဲတဲ့သူတစ်ဦးပါ..ဒါပေမယ့် အဲဒီတိုက်ပွဲမှာပဲ ကျဆုံးနိုင်သူလည်း ဖြစ်နေပြန်ေ၇ာ့.
ပုံမှန်အားဖြင့်..မိတ်ဆွေတွေနဲ့ဆက်ဆံရာမှာ မင်းဟာ တည်ကြည်လေးနက်စွာ နေတက်ပြီ.. ဘ၀ကိုလည်း..အထီးကျန်စွာ
ဖြတ်သန်းနေရမယ့်သူပါ.. ပြီးတော့ တပါးသူကို ကူညီဖို့အသင့်ရှိနေသူ တစ်ဦးပါ..
မင်း အိမ်ထောင်ကျတဲ့အခါမှာတော့ (အဲဒါကလည်း.. အများအားဖြင့် အလယ်အလတ်အရွယ်မှာပဲ ဖြစ်ပွားတက်ပါတယ်)
မင့်ရဲ့ကံကြမ္မာဆိုးအနည်းငယ်ဟာ လွင့်ပျောက်သွားသလို ခံစားရပါလိမ့်မယ်..ပြီးတော့ မင်းဟာ လုံခြုံချမ်းမြေ့မှုကို ရရှိပါလိမ့်မယ်..
မင်းဟာ မမျှော်လင့်တဲ့အန္တရာယ်တွေကိုလည်း..ယှဉ်ဆိုင်တွေ့ရနိုင်ပါတယ်.. ဥပမာ..( အမှုအခင်းများ..အဆိပ်ရှိသတ္တ၀ါများ..မတော်တဆထိခိုက်မှုများနဲံ ကြုံတွေနိုင်ပါတယ်)
သိုပေသိ.. မင်းဟာ စည်းကမ်းလိုက်နာတဲ့သူ..လုံ့လ၀ီရိယရှိသူ.ရဲရင့်သူ.. ခွန်းအားဗလနဲ့ပြည့်စုံသူ. တစ်ယောက်ပါ..
အဲဒါတွေကပဲ မင်းကို အောင်မြင်မှုဆီကို ခေါ်ဆောင်သွားမှာပါ..
မင်းဟာ မိသားစုရဲ့ အဓီက အစိတ်အပိုင်းတခုပါ.. အားကိုယ်ရဆုံးသူတစ်ဦးလည်းဖြစ်ပြီး.. ဖိုက်တာတစ်ဦးလည်းဖြစ်နေပြန်ရော့...
မင်းရဲ့ အကောင်းဆုံးအဖော်မွန်ကတော့.. 1, 4, and 8. သင့်တော်တဲ့အဖော်မွန်ကတော့ 5!!!
===================================
နံပါတ် (၉)
မင်းကတော့ ဒီကမ္ဘာလောကကြီးမှာ သဟဖာတမဖြစ်ဆုံး လူသားတစ်ဦးပေါ့..
မင်းဟာ ရုပ်ပိုင်း..စိတ်ပိုင်း အရမ်းကို ကြံ့ခိုင်လွန်းသူတစ်ဦးပါ.. ရည်မှန်းချက်ကြီးမားသူတဦးလည်းဖြစ်ပြန်ရော့..
မင်းဟာ အလုပ်ကို အရမ်းကြိုးစားလုပ်ကိုင်ရမှာဖြစ်ပြီ.. အောင်မြင်မှုကိုလည်း ခက်ခဲစွာ ရယူရမယ့်သူတစ်ဦးပါ..
သာမန်အားဖြင့်တော့ ငယ်ရွယ်စဉ်မှာ မင်းဟာ မိသားစုပြဿနာတွေနဲ့ လုံးပန်းနေရတက်ပါတယ်..ပြီးတော့ ဘ၀ဟာလည်း.
ရုန်းရင်းဆန်ခတ်မှုတွေနဲ့ ပြည့်နှက်နေပါတယ်.. ဒါပေမယ့် မင်းအလိုရှိတာကို ရရှိတဲ့အချိန်ကစပြီးတော့ မင်းရဲ့ဘ၀ လုံးဝပြောင်းလဲသွားပါလိမ့်မယ်.. မင်းဟာ ပတ်ဝန်းကျင်မှာ အလေးစားခံရဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်နေပါလိမ့်မယ်..
စိန်ခေါ်မှုတွေကို နှစ်သက်ပြီ.. ပြိုင်ဘက်တွေကို အလှဲထိုးနိုင်တဲ့သူ တစ်ဦးပေါ့.. ငယ်ရွယ်စဉ်မှာတော့ မင်းဟာ အရမ်းကို ပေတေမဲ့ ကလေးတယောက်ပါ.. မိဘက မကြာခဏရိုက်နက်ဆုံးမရသူ.. ရန်ခဏခဏ ဖြစ်တက်သူတစ်ဦးပေါ့..
မင့်ဘ၀ဟာ ဒဏ်ရာအနာတ၇တွေနဲ့ ပြည့်နက်နေသလိုပါပဲ.. ဒါပေမယ့်..အရွယ်ရောက်လာတဲ့အခါမှာတော့..
မင်းဟာ အေးဆေးတည်ငြိမ်လာပြီ.. ယောကျာ်းပီသစွာ နေထိုင်ပြန်ရော့..
ချစ်ခြင်းမေတ္တာကတော့ မင်းအတွက် လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး.. မင်းဟာ ဆောက်လုပ်ရေးအလုပ်..ဘဏ်အလုပ်တွေနဲ့ သင့်လျှော်ပါတယ်.. ဘာကြောင့်လဲဆိုတော့ လူတွေကို မင့်ကို ယုံကြည့်ကြလို့ပါပဲ..
မင့်ရဲ့မိသားစုဘ၀ကတော့ အရမ်းကို ကောင်းမွန်လှပါတယ်. ဒါပေမယ့် မင့်ကလေးတွေအတွက်တော့ စိုးရိမ်ရပါလိမ့်မယ်..
မင်းဟာ လူလူချင်းစာနာတက်သူ..စိတ်ရှည်သူ..ပညာဥာဏ်ကြီးမားသူ..နားလည်းခွင့်လွတ်ပေးနိုင်သူတစ်ဦးပါ...
မင်းဟာ ရည်မှန်းချက်တွေကို ရယူဖို့.. အဂတိတရားမထားပဲ လူတွေအပေါ် အလုပ်အကျွေးပြုဖို့ မွေးဖွားလာသူတစ်ဦးပါ...
မင်းဟာ အံ့ဖွယ်စိတ်ကူးစိတ်သန်းတွေမှာ လူတိုင်းအတွက် စံပြတယောက်ပါ..
မင့်ရဲ့အကောင်းဆုံး အဖော်မွန်ကတော့.. 3, 5, 6, and 9. သင့်တော်တဲ့ အဖော်မွန်ကတော့ 2!!!

Monday, June 9, 2014

Facebook v3.5

Facebook ဗားရှင်း အနိမ့်လေးတွေ လိုချင်ရင် ဒါလေး မဆိုးဘူး android version 2.3.6 တို့နဲ့
အိုကေ တယ် ။ ဗီဒီယို လည်း 100% ဒေါင်းလို့ရတယ် ။
လိုချင်ရင်  ---   Download Now

Facebook v12.0.0.0.0

Facebook version အသစ်ထပ်ထွက်လို့ ထပ်တင်ပေးပါတယ် ခင်ဗျာ။




အဆင်ပြေကြပါစေ။

အဆင်မပြေတာလေးတွေရှိခဲ့ရင် ပြောခဲ့ကြပါခင်ဗျာ။။။

လွှမ်းပိုင် - ဂီတစာဆို


လွှမ်းပိုင် - ဂီတစာဆို

Sunday, June 8, 2014

Facebook Official v11.0.0.1.23 (official)

ဖေ့ဘွတ် ဗားရှင်းတွေကလည်း ထွက်ထွက်နိုင်လွန်းတယ်ဗျာ ။
ဒါလေး မနေ့က ထွက်တာ တင်ပေးလိုက်တယ်။



အဆင်ပြေကြပါစေနော်။
အဆင်မပြေတာလေးတွေ ရှိရင်ပြောခဲ့ကြပါခင်ဗျာ။


Saturday, June 7, 2014

Pinger နံပါတ်သုံးပြီး Viber လုပ်မယ်။

တစ်ချို့အတွက် မိမိဖုန်းနံပါတ်နဲ့ မသုံးချင်တဲ့သူများအတွက် အရမ်းကိုအဆင်ပြေစေမှာဖြစ်ပါတယ်
.မိမိအတွက် မိမိကြိုက်ရာနိုင်ငံရဲ့ ကိုယ်ပိုင်ဖုန်းနံပါတ်တစ်လုံးရဖို့ရန် Pinger ဆော့ဝဲထဲမှာ အကောင့်တစ်ခုသွားဖွင့်လိုက်ယုံပါပဲ ။ မိမိအတွက် ကြိုက်ရာနံပါတ်တစ်ခုကို ရွေးချယ်ခွင့်ချပေးမှာဖြစ်ပါတယ် ။
ဖုန်းတစ်လုံးထဲမှာ ကိုယ်ပိုင်ဖုန်းနံပါတ်နှစ်ခုနဲ့ အသုံးပြုနိုင်သလို 1500 တန်ကဒ်ကို 2 သိန်းပေးပြီးလဲ ဝယ်စရာမလိုတော့ဘူးပေါ့
  ကျနော် US နံပါတ်တစ်ခု ရယူပြီးဖွင့်ပြထားပါတယ် US အတွက် ဖြည့်ရမည့် Zip Code ကတော့ 
 20505 ပါပဲ ။
လုပ်နည်းကလဲ အရမ်းကိုလွယ်ကူပါတယ် အောက်မှာပုံနှင့်ကွလဲ ပြသထားပါတယ် ။
.
>> အသုံးပြုတဲ့အခါ မိမိ Viber မှာ မပေါ်တဲ့သူငယ်ချင်းများရှိပါက ထိုသူထို့ရဲ့ဖုန်းနံပါတ်ရှေ့မှာ + ကုဒ် ထည့်ပေးလိုက်ပါ Viber မှာ ပေါ်လာပါမယ် :)
သဘောက 095555555 ဆိုတဲ့ နံပါတ်ကိုမှတ်မယ်ထား ။ +9595555555 ဆိုပြီး ရေးသားမှတ်ရပါမယ် ။  ရှေ့က 0 ကိုဖြုတ်ပြီး +95 ကိုထည့်လိုက်ခြင်းပါ
ဆော့ဖ်ဝဲတွေ လိုချင်ရင်တော့ အောက်မှာပေးထားမယ်။
ဒေါင်းလုပ် ဆွဲပြီး အိုကေ လို့ ရပြီနော်။
 


အားလုံးအဆင်ပြေကြပါစေခင်ဗျာ။
အဆင်မပြေတာလေးတွေရှိခဲ့ရင် ပြောခဲ့ကြပါ။

S Launcher Prime (Galaxy S5 Launcher) v2.1

ပုံလေးကိုမြင်လိုက်တာနဲ့ပဲ ဘယ်လို Launcherမျိုးလည်းဆိုတာသိကြမှပါ။ Galaxy S5 စတိုင်လေးနဲ့ လန်းချင် သူများအတွက် တင်ပေးလိုက်တာပါ။ Launcher တစ်ခုဖြစ်တဲ့အတွက် ထွေထွေထူးထူးပြောပြနေစရာမလိုဘူ လို့ထင်ပါတယ်ဗျာ။ Android OS 4.0 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။


အားလုံးအဆင်ပြေကြပါစေ။
အဆင်မပြေတာလေးတွေရှိရင်ပြောခဲ့ပါခင်ဗျာ။

Friday, June 6, 2014

Blogger



ဘ​လော.ဂါများအတွက်​ မိုဘိုင်းဖုန်းမှာပင်​ ဘ​လော့ပိုစ့်​တင်​နိုင်​မှာပါ။
လိုချင်​ရင်​​အောက်​မှာယူလိုက်​​နော်


အားလုံး အဆင်ပြေကြပါစေ။
အဆင်မပြေတာလေးတွေရှိရင် ပြောခဲ့ကြပါ ခင်ဗျာ။

Advanced Task Manager Pro v5.0.2

Android ဖုန်း/Tablet တွေအတွက် မရှိမဖြစ်ဆောင်ထားသင့်တဲ့ Advanced Task Manager Pro (Full version) version အသစ် 5.0.2 ကိုတင်ပေးလိုက်ပါတယ်။ ဖုန်းတွေမှာဆော့ဝဲတွေသွင်းတာများလာရင် သုံးလာများ လာရင် စက်ကသုံးရတာနှေးလာတတ်ပါတယ်။ အဲဒီလိုမဖြစ်အောင် မိမိစက်ကို အမြဲပေါ့ပါးစေချင်တယ် ဆိုရင်တော့ အခုပေးမယ့် Advance Task Manager Pro ကိုသွင်းထားပြီး Background မှာ run နေတာတွေကို အမြဲရှင်းလင်းပေးနေသင့်ပါတယ်။ဒီကောင်လေးကို ခဏခဏတို့ထိပေးရုံနဲ့ မိမိဖုန်း မြန်ဆန်သွက်လက်လာ တာကို မြင်တွေ့ရမှာပါ ..။ဒီ version လေးက Pro version ဖြစ်တာကြောင့် အရင်တုန်းကထွက်ရှိထားတဲ့ Advanced task manager ထက်ပိုပြီး function စုံလင်ပြီးပိုကောင်းပါတယ်။ Android OS 1.6 နှင့်အထက်ဖုန်းများ မှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။


အဆင်ပြေကြပါစေ။
အဆင်မပြေမှုများရှိခဲ့ပါက ပြောထားခဲ့ပါ ခင်ဗျာ။

Tuesday, January 7, 2014

Android PC Suit Pack


ဒါလေးက အခုမှ စတင်ကာ Mobile ကို
ကွန်ပြုတာဖြင့် ချိတ်ဆက်အသုံးပြုမယ့်
Mobile User များအတွက် သီးသန့် ဖြစ်ပါတယ်
Samsung , HTC , Sony , Huawei စတဲ့
မြန်မာပြည်မှာ အသုံးများတဲ့ Mobile Phone များ ရဲ့
PC Suit များ Driver များကို ထည့်သွင်းပေးထားပြီး
Root လုပ်နိုင်ဖို့ Root Tools ကိုပါ ထည့်သွင်းပေးထားပါတယ်
အားလုံးဟာ 3.12.2013 အတွက် UPDATE တွေဖြစ်ပါတယ်…
စုစုပေါင်း Download ဆွဲရမယ့် ဆိုက်ကတော့ 348 MB ရှိပါတယ်
Download Link
=========
(1)
http://www.mediafire.com/download/9vqu5c0x00ssuhu/Android%20PC%20Suit%20Pack.part1.exe
(2)
http://www.mediafire.com/download/1yrm19ngf75rce2/Android%20PC%20Suit%20Pack.part2.rar
(3)
http://www.mediafire.com/download/jccd2p03vr0x8aj/Android%20PC%20Suit%20Pack.part3.rar
(4)
http://www.mediafire.com/download/a7khpz97vg2ku77/Android%20PC%20Suit%20Pack.part4.rar


Monday, January 6, 2014

ဖွဟဲ့ APK

သတင်း အစုံဖတ်ချင်တဲ့ ဘော်ဘော်တွေ အတွက် Application လေးတစ်ခု တင်ပေးမယ် ။
ဥုံ ထက် ကောင်းတယ်ဗျို့ ။ ဖွဟဲ့ ။

ဒီမှာဒေါင်းပါ ။ 

Galaxy Star Plus [ S7262/7260] ကို RoOt လုပ်မယ်….







Galaxy Star Plus [ S7262 / S7260 ] ကို RoOt လုပ်ချင်တဲ့ဆြာသမားတွေအတွက်…
S7262 / S7260 RoOt လုပ်နည်း…ပါ…ဒီ Samsung Devices လေးက
OS Version 4.1.2 ရှိပြီးးးမြန်မာစာ Build in အနေနဲ့ ဈေးကွက်မှာတွေ့ရပါတယ်သို့ပေမဲ့အကြောင်းမျိုးမျိုးကြောင့်
RoOt ဖောက်ချင်တဲ့လူအတွက်ပါ…အချစ်တော် VROOT ကြီးနဲ့စမ်းမနေနဲ့ေိေိ :D
ကဲလိုအပ်တဲ့ ဖိုင်လေးတွေအရင်ယူနော်…. CWM ရေးပြီးးး ROOT zip ထည့်တဲ့နည်းသုံးမှာပါ…
S7262 / S7260 Recovery ဒေါင်းရန်….
Odin 3.04 ယူရန်…
Root zip ယူရန်…
* Cwm Su zip or Superuser update zip ရှိရင်ယူရန်မလို *
ဖိုင်တွေရပြီဆိုရင်…Desktop ပေါ်တင်ထားပါ….
Odin ကို ဖွင့်ပါ…ဖုန်း ပါဝါပိတ်ပီးးး Vol Down + Home + Power နဲ့ Download Mode ထားးးပြီး…
Computer နဲ့ချိတ်ပါ… Odin ကသိနေပြီးဆိုရင်… Odin ရဲ့ PDA ကိုနှိပ်ပြီးးး
ဒေါင်းထားတဲ့ CWM-Star Plus [Pro]S7262 7260.tar.md5 ကိုရွေးးးပါ…




ပြီးရင်…. Start နှိပ်ပြီးး Recovery ကိုစရေးပါမယ်….Odin မှာ Pass ပြရင် CWM Recovery ရေး
လို့ပြီးပါပြီ…. Root လုပ်ဖို့အတွက်…ဒေါင်းထားတဲ့ Superuser root zip ကို SD Card ထဲထည့် sd ကတ်ကိုဖုန်းထဲထည့်ပီးးး ဖုန်းကို
Recovery Mode ထဲဝင်ပါ… [ Recovery Mode >> Power + Vol up + Home ] ပါ…Recovery Mode ထဲရောက်ရင်
install zip from sd ကနေ Superuser zip ကိုရွေးးပေးလိုက်ပါ……သူဟာသူသွင်းပါမယ်…ပြီးးရင် ဖုန်းကို reboot ပေးလိုက်ပါ….ပြန်တက်လာရင်
Superuser app နဲ့အတူRoot ရပါပြီ….
[ မှတ်ချက် >> tar.md5 ဖိုင်ရွေးပြီး Recovery ရေးရာတွင် Message box တွင် recovery ဖိုင်ကို invalid ပြရင်...ဒေါင်းထားတဲ့ CWM-Star Plus
[Pro]S7262 7260.tar.md5 ကို recovery.tar.md5 ဟုနာမည်ပြောင်းပြီးပြန်လုပ်ပါ…]
[ Trick - Recovery Mode ၀င်ရာတွင်..ပုံမှန် Power + Home + Vol up တွဲနှိပ်ရုံနဲ့မရ...ပါ... :D ဂလိုဝင်ရပါမည်.... ^_^
Power ကို 3 စက္ကန့်လောက်အရင်ဖိ ပြီးမှ Home + Vol Up နှိပ်ပါ.... Samsung LOGO တက်လာရင်အကုန်လွတ်ပါ....
Recovery Mode ရောက်ပါမည်... :D ]
အဆင်ပြေကြပါစေ…


VRoot v 1.7.4 for android(latest version)



Android phone/Tablet များအတွက် လက်ရှိ updateထွက်ရှိထားတဲ့ Android ဖုန်း/Tablet ပေါင်းစုံ (တရုတ်ဖုန်း/Tablet များပါမကျန်) အားလုံးနီးပါးကို Root လုပ်နိုင်စွမ်းရှိတဲ့ VRoot v1.7.4 ကိုတင်ပေးလိုက်ပါတယ်။ Android 1.5 မှ Android 4.2 အထိရှိတဲ့ Android Devices ပေါင်းများစွာကို Root လုပ်နိုင်ပါတယ်။ အသုံးပြုသူတွေကြားမှာလည်း တကယ်နာမည်ကြီးတဲ့ Root Tool လေးပါ။ အောက်က link မှာရယူနိုင်ပါတယ်။
@ Download Vroot 1.7.4 @

Bagan Keyboard 3.8.1 (Crack Version)



မင်္ဂလာပါဗျာ..... ဒီနေ.တော့  Bangan Keyboard version 3.8.1 လေး crack ထွက်လာတာကြောင့်တင်ပေးလိုက်ပါတယ် ... crack version ဖြစ်တာကြောင့် အမြဲတမ်းသုံးလို.ရမှာဖြစ်ပါတယ် ၀ယ်ဖို.အဆင်မပြေသူ ပြည်ပမှာနေထိုင်သူများအတွက် ရည်ရွယ်ပြီးတင်ပေးလိုက်တာဖြစ်ပါတယ် လိုချင်သူများအောက် အဆင်ပြေတဲ့လင့်တစ်ခု မှာဒေါင်းယူနိုင်ပါပြီ cracker ကတော့ myanmar cracking team မှ အကိုတစ်ယောက်ဖြစ်ပါတယ် အားလုံးပဲအဆင်ပြေပါစေဗျာ........
Download - link 1 / link 2
credit to - myanmaryouth.co.vu

Huawei G700-U00 အား Rooting ပြုလုပ်ခြင်းနှင့်မြန်မာစာသွင်းခြင်း(စံမြန်မာ)

Huawei တွေခုနောက်ဆုံးထွက်တွေကတော့Softwareကိုကိုမမတွေအတွက်အဆင်တော်တော်ပြေမယ်
ထင်တယ်ဗျ။ကျွန်တော့်ဆီကိုဒီနေ့ဘဲအသစ်ရောက်လို့ဆိုပြီးစမ်းလိုက်တာတော်တော်လေးအဆင်ပြေတယ်

Rootလုပ်ရတာကလည်းလွယ်လွန်းလို့ဗျာ။VRootလေးနဲ့ပါဘဲဗျာ။Vrootကိုတော့ ဒီမှာ အရင်ဒေါင်းပါ။
ရှိပြီးသားဆိုရင်တော့One Clickလေးနဲ့Rootလုပ်လိုက်ပါ။ပြီးရင်တော့Fontတွေထည့်ပါတော့မယ်။
အောက်ကဖိုင်လေးတွေကိုဒေါင်းထားလိုက်ပါ။
Fontကိုinstallလုပ်တာကလည်းလွယ်ပါတယ်။G520S,G610Sတို့လိုပါဘဲ။ကဲစလိုက်ပီပေါ့.......
Rootingပြုလုပ်ပြီးရင်တော့Rootexplorerကိုinstallလုပ်ပါ။
ပထမFontဖိုင်လေးကိုinternal storageထဲကိုထည့်ပါ။
အဲဒါပြီးရင်တော့Rootexplorerကိုဝင်ပြီးခုဏကinternel storageထဲကfontsဖိုင်ကိုဖိုင်လိုက်
copyကူးပြီးSystem>>fontsဖိုင်နေရာမှာအစားထိုးReplaceလုပ်လိုက်ပါ။
ကူးလို့ပြီးသွားတဲ့အခါတရုတ်စာတွေ(သို့)ဘာမှန်းမသိတဲ့စာလုံးတွေပေါ်ပါမယ်။
ဘယ်မှပြန်မထွက်ဘဲPowerခလုတ်ကိုနှိပ်ပြီးပိတ်ပစ်လိုက်ပါ။ပြီးရင်ပြန်ဖွင့်ပါ။
ပြန်တက်လာသေးရင်ပထမအဆင့်ပြီးသွားပါပြီ၊တက်မလာရင်တော့ဖန်းဖန်းပြန်ရေးရပါမယ်....
ပြန်တက်လာရင်တော့နောက်ဆုံးအဆင့်ရောက်ပါပြီ...အစောကဒေါင်းထားတဲ့Huawei Fontဖိုင်လေးကို
zipဖြည်လိုက်ပါ၊ပြီးရင် internal storageထဲကိုcopyကူးထည့်ပြီးRootexplorer ကိုဖွင့်ပါ။
အစောကzipဖြည်ထားတဲ့ဖိုင်ထဲကSanpya.ttf ဖိုင်လေးကိုSystem>>fontsဖိုင်ထဲကိုcopyကူးထည့်ပါ။
fallback_fonts.xml ဖိုင်ကိုတော့ system>>etcဆိုတဲ့ဖိုင်ထဲကိုcopyကူးထည့်လိုက်ပါ။
ပြီးရင်powerခလုတ်ကိုနှိပ်ပြီးrestartလုပ်လိုက်ပါ။ပြန်တက်လာရင်Frozen keyboard ထည့်ြ့ပီးရိုက်ပါ
frozen keyboard 1.1.3နဲ့ပိုပြီးအဆင်ပြေတယ်ဗျ။
အားလုံးဘဲအဆင်ပြေမယ်လို့ထင်ပါတယ်.........

credit ... ပျဉ်းမနားသား

Related Posts Plugin for WordPress, Blogger...

soccer