Home

Monday, November 4, 2013

Password တွေအကုန်လုံးကို တစ်နေရာတည်းမှာတင် ထိန်းသိမ်းပေးထားမဲ့ : mSecure - Password Manager


အသုံးပြုနည်း

အသုံးပြုရမဲ့ ပုံစံလေးကတော့ အရင်ဆုံးဒီ application လေးကို download လုပ်ပြီး install လုပ်လိုက်ပါ။

ပြီးသွားရင် application လေးကို ဖွင့်လိုက်ပါ။ အရင်ဆုံး application လေးကို  password ထားဖို့အတွက် ပြောပါလိမ့်မယ်။

အဲ့ဒီအခါကျရင် ဒီ application လေးကို ဖွင့်ဖို့အတွက် အရင်ဆုံးကိုယ်ကြိုက်နှစ်သက်တဲ့ password ကိုထားပေးလိုက်ပါ။

ပြီးသွားရင် ကိုယ်ကြိုက်တဲ့ username နဲ့ password တွေကို ထားဖို့အတွက် application ရဲ့  အပေါ်ဘားလေးမှာ အပေါင်းလက္ခဏာ ( + sing ) လေးကိုတွေ့ပါလိမ့်မယ်။ အဲ့ဒီအပေါင်းလက္ခဏာ ( + sing ) လေးကို နှိပ်လိုက်ပါ။ အဲ့လိုနှိပ်လိုက်ရင် အရင်ဆုံးကိုယ်ထားချင်တဲ့ အမျိုးအစားတွေရဲ့ username နဲ့ passwrod တွေကို ရွေးခိုင်းပါ လိမ့်မယ်။ အဲ့ဒီအခါကျရင်ရွေးပေးပြီးကိုယ်ရွေးထားတဲ့ အမျိုးအစားရဲ့ username နဲ့ passwrod တွေကို ထည့်ပေးလိုက်ပါ။

ဥပမာ အနေနဲ့ ကျွန်တော်လုပ်ထားတဲ့ ပုံစံလေးကို အရင်ပြောပြပေးပါ့မယ်။ကျွန်တော်ကတော့ ဘားတန်းလေးက အပေါင်းလက္ခဏာလေးကိုနှိပ်ပြီး အမျိုးအစားရွေးရမဲ့နေရာမှာတော့ web log in ကို ရွေးလိုက် ပါတယ်။  အမျိုးအစားအများကြီးရှိပါတယ်။ ကိုယ်ကြိုက်တာကိုရွေး ချယ်နိုင် ပါတယ်။  ပြီးတော့ အောက်က URL ဆိုတဲ့ နေရာမှာ www.gmail.com ဆိုတာကိုရိုက်ထည့်လိုက် ပါတယ်။ ကျွန်တော် ကတော့ Gmail ရဲ့ username နဲ့ password ကိုထည့်မှာဖြစ်လို့ Gmail ကိုရိုက်ထည့်ပေး လိုက်တာပါ။

ပြီးတော့ Gmail ရဲ့ username နဲ့ password ကိုရိုက်ထည့်ပေးလိုက်ပါတယ်။ ပြီးတော့ အောက်ခြေက lock ဆိုတာလေးကိုနှိပ်ပေးလိုက်ပါတယ်။ အဲ့ဒါဆိုရင် အဆင်ပြေပြေနဲ့ပြီးဆုံးသွားပါပြီ။


အားလုံးပြီးသွားရင်တော့ ဒီ application လေးကို ပြန်ဖွင့်ပြီးပြန်စမ်းကြည့်ပါ။ ဒီ application လေးက အမျိုးအစားအားလုံးရဲ့ username နဲ့ password တွေကို သိမ်းထားတာဖြစ်တဲ့အတွက် ဒီ application လေး ရဲ့ passwrod ကိုတော့ မမေ့အောင် သတိထားစေချင်ပါတယ်။ ဒီ application လေးကို android version 2.0 နဲ့အထက်မှာ ဆိုရင်အသုံးပြုနိုင်ပါပြီ။ 


အောက်က link တွေကနေ download လုပ်နိုင်ပါတယ်






credit...itstudier.com

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

soccer